ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်၌ လျှပ်စစ်ဓါတ်အားလိုင်းကြိုးမလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်း

ဒဂုံ စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်အတွင်း၌ လျှပ်စစ်အန္တရာယ် ကင်းဝေး စေရန်အတွက် လမ်းဘေး ဝဲ/ယာတစ်လျှောက်  ဓါတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်း ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်(၈)နာရီက မြို့တော်စည်ပင် ပန်းဥယျာဉ် ဌာနမှ အနောက်ပိုင်း ခရိုင်မှူး ဦးဇော်ဝင်းထွန်းကြီးကြပ်မှုဖြင့်  ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုလို ခုတ်ထွင်ရှင်းလင်းပေးခြင်းဖြင့် မိုးရာသီကာလ၌ဖြစ်ပွားတတ်သည့် သစ်ပင်၊သစ်ကိုင်းများ ဆွေးမြေ့ကျိုးကျခြင်း ဖြစ်ပေါ်နိုင်သောကြောင့်  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း ဖြစ်ပြီး  နေ့စဉ် ခရီးသွားပြည်သူများ၊ ယာဉ်များအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ အလားတူ မြို့နေ ပြည်သူများအတွက် လျှပ်စစ်မီး သုံးစွဲရာတွင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေပြီး ဗို့အားပြည့်ဝ တည်ငြိမ်စွာ ပိုမိုသုံးစွဲနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)