ဖျာပုံ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ စတင်၍ တစ်ဦးလျှင် ၃၀၀၀၀ကျပ်နှုန်းဖြင့် အိမ်တိုင်ရာ ရောက်အဖွဲ့ခွဲ၍ ထောက်ပံ့ပေးခဲ့သည်။
ဖျာပုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၅၅၇)ဦးကို ထောက်ပံ့ပေးမှာဖြစ်ပြီး ထိုသို့ထောက်ပံ့ပေးရာတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်မှူးက ဦးဆောင်၍ အဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးလျက်ရှိသည်။
ယခင်နှစ်များတွင် ဖျာပုံမြို့နယ်အတွင်းမှ မသန်စွမ်းသူ(၁၀၅၉)ဦးကိုလည်း တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ ပေးခဲ့ပြီးကြောင်း၊ တစ်ကြိမ်မျှထောက်ပံ့မှုမရရှိသော မသန်စွမ်းသူများအနေဖြင (၈.၉.၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ သတင်းပို့ စာရင်းပေးကြပါရန်နှင့် ထိုသို့စာရင်းပေးရာတွင် မွေးရာပါဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ကိုယ်အင်္ဂါ၊ မျက်မမြင်၊ နားမကြား၊ ဉာဏ်ရည်မသန်စွမ်းသူများ ပါဝင်မည်ဖြစ်သည်။
စာရင်းတွင် မပါဝင်သူများမှာ အသက်ကြီး၍ အမြင်အကြား ချို့ယွင်းသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ အကျုံးမဝင်ပါကြောင်းနှင့် အသေးစိတ်သိလိုလျှင် ရုံးချိန်အတွင်း ၀၄၅ -၄၁၅၅၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဖျာပုံခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်ထံမှ သိရသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)