အုတ်ဖို စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုန့ယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင် တမံများတွင် ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က ပြည်ခရိုင်အတွင်းရှိ တောင်နဝင်းဆည်နှင့်မြောက်နဝင်းဆည်အတွင်းသို့ ငါးသားပေါက်ကောင် ရေ (၂၂၀၀၀၀) စိုက်ထည့်ခဲ့ကြောင်း အုတ်ဖိုငါးလုပ်ငန်း စခန်းတာဝန်ခံ ဒေါ်မိုးသီတာထံမှ သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းတွင် အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ တောင်နဝင်းဆည်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၆၀၀၀၀)၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၅၀၀၀၀) နှင့် မြောက် နဝင်းဆည်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၆၀၀၀၀)၊ ငါးခုံးမကြီးသားပေါက်ကောင် ရေ(၅၀၀၀၀) စိုက်ထည့်ခဲ့ရာ ပြည်ခရိုင် ငါးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆည်မြောင်းဦးစီးဌာနမှ ဝန်ထမ်း များ ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)