လားရှိုး စက်တင်ဘာ ၇
(၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ နံနက်(၉)နာရီအချိန်ကစတင်၍ လားရှိုးမြို့ ပြည်သူ့ဆေးရုံ ကြီး သွေးလှူဘဏ်၌ စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စုပေါင်း သွေးလှူဒါန်းခြင်းကို ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (လားရှိုး)၊ လားရှိုးခရိုင် ရဲတပ်ဖွဲ့၊ လားရိုး မြို့နယ် ရဲတပ်ဖွဲ့၊ အမှတ်၂၀ ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲ ၊အမှတ် (၅ )ရထား ရဲတပ်ခွဲ၊ သတင်း ရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့ ခွဲ(လားရှိုး)တို့မှ စုစုပေါင်းအရာရှိ၊ တပ်သား(၆၈)ဦးတို့စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူရှင်များအား ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (လားရှိုး)ရဲမှူးကြီး ဗညားဦးက အင်အားဖြည့် အစားအစာနှင့် အချို ရည်များ ဒါနပြုလှူဒါန်းပေးအပ်ခဲ့သည်။
လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူကြသော လူနာများအားလုံးအတွက် အရေးပေါ် လိုအပ်လာပါက အသုံးပြုနိုင်ရေး စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ပြီး သွေးလှူဒါန်းရာနေရာသို့ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့ (လားရှိုး) ရဲမှူးကြီး ဗညားဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းခိုင်၊ လားရှိုးမြို့နယ် ရဲတပ် ဖွဲမှူး ရဲးမှူးကိုကိုလွင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်၊ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးအောင်ခိုင်စိုး၊ ရထား ရဲတပ် ဖွဲ့မှူး ဒုရဲမှူးမျိုးသန့်တို့နှင့် လားရှိုးပြည်သူ့ ဆေးရုံ အုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်နှင့် တာဝန်ရှိ သူများက စုပေါင်းသွေးလှူဒါန်းမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဟန်ဌေး(လားရှိုး)