ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မစိုပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်ပေါ်လိုက်ပါလာသော ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံ(အရှေ့) စက်တင်ဘာ ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသော ပြည်သူများအား ကျန်းမာရေးနှင့်ယာဉ်အဝင်အထွက်စာရင်းများအား  စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) လမ်းမပေါ်ရှိ သုံးခွရပ်ကွက် မစိုပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများအား အပူချိန်တိုင်းခြင်း၊ ကိုယ်ရေးအချက်အလက်များအား စိစစ်ခြင်း၊ ခရီးစဉ်မှတ်တမ်းများအား ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို  ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ် ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

လှလှထွေး(ပြန်/ဆက်)