သံဖြူဇရပ် စက်တင်ဘာလ ၇
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန် မြှင့် လုပ်ဆောင်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က မြို့နယ် အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးသိန်းထွဋ်က ယခုအချိန်သည် ကိုဗစ် - ၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့် အချိန် ဖြစ်၍ မိမိမြို့နယ်အတွင်း ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ အဝေးပြေးယာဉ်လိုင်းများမှ တာဝန်ခံ များမှလည်း ရောဂါဖြစ်ပွားနေသည့် ကန့်သတ်နယ်မြေများမှ ခရီးသွားပြည်သူများကို သေချာ စွာစစ်ဆေးပေးစေရေးနှင့် ဘူတာရုံသို့ဆိုက်ရောက်လာသော မီးရထားမှ ခရီးသွား ပြည်သူများ အား ဌာနဆိုင်ရာ များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးပြုလုပ်ပေးကြရန်နှင့် ကျိုက္ခမီမြို့ ငါးဖမ်း လုပ်ငန်း ရှင်များမှလည်းအခြားဒေသမှ ရေလုပ်သားများကို ယခုအချိန် တွင် ခေါ်ယူခြင်း မပြုလုပ်ရန် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မင်းသန့်ဇင်မှလည်း ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိ လိုက် နာ ကြစေရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့တက်ရောက်လာကြသည့် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ ၊ အဝေးပြေးယာဉ်လိုင်းများမှ တာဝန်ခံများနှင့် မြို့နယ်ငါးဖမ်းလုပ်ငန်းရှင် အသင်း တို့မှလည်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)