ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် မျိုးစေ့ထုတ်မိုးစပါး (၄၅၀)ဧက စိုက်ပျိုးပြီးစီး

ကောလင်း စက်တင်ဘာ

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဧရာမင်း၊ မှော်ဘီ၊ ဆင်းဧကရီ- မျိုးစေ့ထုတ် မိုးစပါး (၄၅၀) ဧကကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 မျိုးစေ့ထုတ်တဲ့အခါမှာ အဓိကအကျဆုံးကတော့ မျိုးသန့်ခြံများမှ ထုတ်လုပ်တဲ့ မျိုးသန့်မျိုးပွားစေ့ကို စိုက်ပျိုးရပြီး စိုက်စနစ်ဆိုရင် () တန်း () တန်းလှပ် စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ ပေါင်းနှုတ်တာ၊ မျိုးကွဲပယ်တာ၊ ရိတ်သိမ်း၊ ခြွေလှေ့သန့်စင်ခြင်း လုပ်ငန်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများရဲ့ အနီးကပ် ကြီးကြပ်မှုဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကောလင်းမြို့နယ်တွင် CERP အစီအစဉ်ဖြင့် ဧရာမင်း မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက် ၂၅၀ဧကအတွက် တစ်ဧကလျှင် ၁၅၀၅၀၀ ကျပ်၊ မှော်ဘီ ၁၆၀ဧကနှင့်ဆင်းဧကရီ-  ၄၀ဧကအတွက် တစ်ဧကလျှင် ၁၄၈၅၀၀ကျပ်နှုန်း ထောက်ပံ့ပေးလျက်ရှိပြီး   ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် ဧရာမင်း၊မှော်ဘီ၊ ဆင်းဧကရီ-  မိုးစပါး မျိုးစေ့ထုတ်ရန်အတွက် ကျေးရွာအုပ်စု (၂၇)၊ကျေးရွာပေါင်း (၃၇)ရွာ၊ တောင်သူပေါင်း (၁၁၆) ဦးမှ စိုက်ဧက (၄၅၀)ကို စိုက်ပျိုးပြီးစီးပြီကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)