လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ မသန်စွမ်းသူ များအား ထောက်ပံငွေ ပေးအပ်

လိုင်လင်းပီ  စက်တင်ဘာ ၉

ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ နိုင်ငံတော်မှထောက်ပံ့ပေးသည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ နံနက်ပိုင်း အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မသန်စွမ်းသူများ၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာ၌ လိုင်လင်းပီ မြို့ပေါ်ရပ်ကွက်(၂)ခုရှိ မသန်စွမ်း(၃၉)ဦးကို တစ်ဦးလျှင် ကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ်(၁,၁၇၀,၀၀၀) ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ထောက်ပံ့ငွေများကို မတူပီမြို့နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာန မှတဆင့် လိုင်လင်းပီမြို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူပြန်လည် ဖြန့်ဝေပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယာကမ် (ပြန်/ဆက်)