စစ်ကိုင်း စက်တင်ဘာ ၉
စစ်ကိုင်းမြို့နယ်အတွင်းရှိ လင်းတလူးကျေးရွာသည် စစ်ကိုင်းမြို့မှ (၂၇)မိုင်ခန့် ဝေးကွာပြီး စစ်ကိုင်း-ရွှေဘိုသွား မော်တော် ကားလမ်းမကြီး၏ ဘေးတွင်တည်ရှိကာ ကျေးရွာနေ ပြည်သူအများစုမှာ တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြသည်၊ တောင်သူ လုပ်ငန်းအားလပ်သည့် အချိန်များတွင် မိရိုးဖလာ ထန်းလုပ်ငန်းများဖြစ်သည့် ထန်းတက်ခြင်းနှင့် ထန်းလျက်ချက်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ရာသီပေါ် သီးစားပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများကို မိသားစုစားဝတ်နေရေးအထောက်အကူ ဖြစ်စေရန် အတွက် လုပ်ကိုင်လျက်ရှိသည့်အနက်မှ မာလကာသီးပင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချ ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အကျိုးအမြတ်များ ရရှိကြောင်းသိရသည်။
“မာလကာသီးပင်များကို ပျိုးပင်တစ်ပင်(၃၀၀)ကျပ်နှင့်ဝယ်ယူကာ ပြုပြင်ပြီးမြေတွင် လေဝင် လေထွက်ကောင်းကာ သီးလုံးများ ကြီးထွားစေရန်အတွက် တစ်ပင်နှင့်တစ်ပင် အကွာအဝေး (၁၂)ပေခန့်ခြားကာ ပြန်လည်စိုက်ပျိုးပြီး အများအားဖြင့် သဲနှုံးဆန်သည့် မြေများတွင် ရှင်သန်ကြီးထွား မှုမြန်ကာဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးပြီးအပင်များကို ဂရုစိုက်ပြုစုစောင့်ရှောက်ပေးလျှင် (၂)နှစ်တွင် တစ်လုံးနှစ်လုံးစရကာ (၃)နှစ်သားမှာ စ၍ရောင်းရကြောင်း၊ တစ်နှစ်လျှင် (၃) ကြိမ် ခူးဆွတ်ရကာရရှိ သည့်အသီးများအား တစ်တင်းခွဲဝင်အိတ်တစ်လုံးအပြည့်ကို ကျပ်(၁၃၀၀၀)မှ(၁၅၀၀၀)အထိရရှိကာ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဖောက်သည်ဈေးဖြင့် ပေးသွင်းကြောင်း၊ အပင်(၁၉၀)စိုက်ပျိုးထားကာ ပင်သက်(၅)နှစ်သို့ရောက်ရှိနေပြီး ယခုနှစ် သီးလုံးထွက်ရှိမည့် အရေအတွက် တစ်သိန်း ခန့်မှန်း ထားကာ ကျွန်တော်တို့မိသားစု မာလာကာပင် စိုက်ပျိုးခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ ကြောင်း” ကို မာလပင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ ဦးသန်းနိုင်ထွေးက ရှင်းပြသည်ကို သိရသည်။
မျိုးဝင်း(ပြန်/ဆက်)