ချောင်းဦးမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပ

ချောင်းဦး စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ နံနက်(၉) နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အမှာစကား ပြောကြား ပြီး၊ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်ပြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ချောင်းဦးမြို့နယ် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်နှင်းသက် က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါအကြောင်းအရာများနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းတာ၀န်များ၊ ကျင့်၀တ်နှင့် စည်းမျဉ်းစည်းကမ်း များ၊ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့၏ လုပ်ငန်းအသေးစိတ်အကြောင်းအရာများကို   ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီး ကော်မတီအဖွဲ့၀င်များမှ သိရှိလိုသည်များကို မေးမြန်းကြရာ၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က ရှင်းလင်းဆွေးနွေးပြောကြား ခဲ့သည်။

ဆွေးနွေးပွဲသို့ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာသိမ့်၊ ချောင်းဦး မြို့နယ် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်ခင် နှင်းသက်၊  မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီး ကော်မတီအဖွဲ့ ၀င်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)