နွားထိုးကြီးမြို့ ဝင်/ထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်များသို့ နှာခေါင်းစည်း (Mask) နှင့် Face Shield များလှူဒါန်း

နွားထိုးကြီး၊  စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ဝင်/ထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် ဆောင်ရွက်နေသောဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်နှင့်လူမှုရေးအဖွဲ့အစည်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နွားထိုးကြီးမြို့နယ် သဇင်ကျေးရွာ ဦးထွန်းနိုင်၏ ကိုရီးယားရောက်တပည့်များက နှာခေါင်းစည်း(Mask)၄၅၀ခုနှင့်Face  Shield ၁၂၀ ခုကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ဝင်/ထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများနှင့် ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်နေသော ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း အလှူရှင်က ပြောသည်။

အဆိုပါ နှာခေါင်းစည်း (Mask)များနှင့် Face Shield များပေးအပ်လှူဒါန်းခြင်းကို နွားထိုးကြီးမြို့ ဝင်/ထွက်ကျန်းမားရေးစစ်ဆေးရေးဂိတ်များမှ တာဝန်ရှိသူများမှလက်ခံရယူခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)