ရန်ကုန်(သုဝဏ္ဏ) ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနတွင် အားဖြည့်ကူညီ တာဝန်ထမ်းဆောင်ရန်အတွက် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့ သွားရောက်

မကွေး စက်တင်ဘာ ၁၄

ရန်ကုန်(သုဝဏ္ဏ) ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့် ကူညီ တာဝန်ထမ်းဆောင်ဖို့အတွက်  မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်များမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့သည် ယနေ့ နံနက်ပိုင်းက သွားရောက်နေပါပြီဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ထံက သိရသည်။

ထိုသို့ သွားရောက်ရာတွင် တိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်း သူနာပြုများအား တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် က နိုင်ငံ့အရေး ကမ္ဘာ့အရေးမို့ အားတင်းပြီး တာဝန်ထမ်းဆောင်ပေးနေကြတဲ့ Health Heroes အားလုံးကို ဦးညွတ် ဂုဏ်ပြုပါကြောင်း အားပေးစကားပြောကြားခဲ့သည်။

သန်းနိုင်ဦး(ငဖဲ)