ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခြင်းနှင့် ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပေါင်းတည် စက်တင်ဘာ ၁၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် စက်တင်ဘာလ(၆)ရက်မှစတင်၍ မြို့နယ်အတွင်း ဖြတ်သန်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အသွားအလာစစ်ဆေးခြင်း၊ နေရပ်ပြန်သူ ခရီးသွားများ အား ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းရယူခြင်းများအပြင် လိုအပ်ပါ က Home Quarantine နှင့် Faciliity Quarantine စောင့်ကြည့်ရေးစင်တာတို့တွင် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ထားရှိခြင်း၊ အပြင်ထွက်ရှိတိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင် သွားလာကြရေးအတွက် အလေးထား၍ အရှိန်အဟုန်မြှင့်ကာ ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
အလားတူ ဆောင်ရွက်မှုများအနေဖြင့် ရန်ကုန်ပြည်ကားလမ်းမဘေး မြို့နယ်အားကစား ခန်းမရှေ့ စစ်ဆေးဂိတ်နှင့် မြန်မာ့မီးရထားဘူတာရုံမှ နေရပ်ပြန်ခရီးသွားပြည်သူများအား စိစစ်သည့် အဖွဲ့များက လိုအပ်သည့် စစ်ဆေးဆောင်ရွက်ပြုလုပ်ခဲ့ပြီး ရောဂါဖြစ်ပွားရာ ဒေသများမှ ပြန်ရောက်လာသည့် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း(၁၂)ဦးအား မြို့မအထကကျောင်းတွင် ယာယီဖွင့်လှစ် ထားသည့် Facility Quarantine စင်တာသို့ ပို့ဆောင်ထားရှိပြီး လိုအပ်သည့် ကျန်းမာရေးစစ်ဆေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိသည့်အပြင် မြို့နယ်ကိုဗစ်ကော်မတီမှ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ ပြန်ဆက် ဦးစီးဌာနဝန်ထမ်းများနှင့် မီဒီယာအဖွဲ့များ အတူပူးပေါင်း၍ စစ်ဆေးရေးဂိတ်အပြင် နေ့ရောညပါ လှည့်ကင်းများဖြင့် ရောဂါဖြစ်ပွားရာ ဒေသအသီးသီးမှ မြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ရောဂါကာကွယ်ရေးထိန်းချုပ်ရေး အတွက် အဓိကကျသည့် Mask နှာခေါင်းစည်း တပ်ဆင်သွားလာရေးကို တစ်ပါတည်း ကြပ်မတ် စစ်ဆေးခဲ့မှုများ ဒေသခံ ပြည်သူများကလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်မှုများကြောင့် ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် လူနာ(လုံးဝ)မရှိပါကြောင်းနှင့် ကူးစက်ပြန့်နှံ့မှုမရှိစေရေး ကို အလေးထားထိန်းချုပ်၍ အရှိန်ဟုန်မြှင့်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။  
တင်ဝင်းဇော်(မင်းသားကြီး)