မိုင်းစံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စျေးဆိုင်ခန်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးအိမ်တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စျေးဆိုင်ခန်း ပိုင်ရှင်များ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားကြရန်၊ စျေးရောင်းချရာတွင် နှာခေါင်းစည်း တပ်ဆင်ကြရန်၊ စျေးဆိုင်ခန်း အတွင်းသို့ ဝင်ရောက်ဝယ်ယူစေခြင်းများ မပြုလုပ်စေရန်၊ စျေးဆိုင်ခန်း ပတ်လည်တွင် စျေးဝယ်သူများအတွက် နေရာသတ်မှတ်ချထားပေးရန် (သို့မဟုတ်) ကြိုးတား ထားရန်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်နှင့် ထမင်းဆိုင်များဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်ဖြင့် ရောင်းချကြရန် စသည်တို့ကိုချပြ ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့်အတူ နယ်မြေစခန်းမှူး၊ စည်ပင်သာယာရေးဌာနနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်း အဖွဲ့တို့မှ လိုအပ်သည်များ အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်ချို (ပြန်/ဆက်)