တာလေ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့၌ ခရီးသွား ပြည်သူ များအား ခရီးသွားထောက်ခံချက် ပါ မပါ စစ်ဆေးခြင်း ၊ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ခြင်းနှင့် Mask တပ်ဆင်သွားလာခြင်း ရှိ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို တာလေတံတားထိပ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှင့်စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ပူးပေါင်း အဖွဲ့ဖြင့်နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
တာလေမြို့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့်လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်ကျော့ပြန်မြင့်မားလာသည့် အတွက် အခြား တိုင်းနှင့် ပြည်နယ်/မြို့နယ်များမှ လာရောက်ကြသော ခရီးသွားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဝန်ဆောင်မှု ပေးနိုင်ရန် ခရီးသွားထောက်ခံချက် ပါ မပါ စစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင် ကောက်ယူရေးသွင်းခြင်း ၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ Mask တပ်ဆင်သွားလာခြင်း ရှိ မရှိ စစ်ဆေးခြင်း နှင့် Mask မတပ်သူများအားတပ်ဆင်ရန်အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းတို့ကို အရှိန် အဟုန် မပြတ် ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်ကျော်မိုး ( ပြန် / ဆက်)