စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့တွင် ရောဂါပိုးတွေ့ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ် အသီး သီးမှ ပြန်ရောက်လာသူ ၁၁ ဦးကို ကိုဗစ်- ၁၉ ရောဂါ လက္ခဏာ စောင့်ကြည်နိုင်ရန် Quarantine Centre ၌ ၁၄ ရက်ထားရှိ

ဖောင်းပြင် စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်တွင်းတွင် ရောဂါပိုးတွေ့ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြန်လည်ရောက်ရှိလာ သူများကို ရောဂါပိုးများ ပါရှိလာခြင်းရှိမရှိ ၁၄ ရက်စောင့်ကြည့် နိုင်ရန်အတွက် ဖောင်းပြင်မြို့ အ-ထ-က ကျောင်း၌ သီးခြားစောင့်ကြည့်ရေးစင်တာကို ဖွင့်လှစ်ထားရှိသည်။

ထိုသို့ဖွင့်လှစ်ထားရှိရာ စက်တင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အတွင်း ပြည်တွင်းမှ ပြန်လည် ရောက်ရှိလာသူ ၁၁ ဦး ထိရှိလာခဲ့ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ၊ စောင့်ရှောက် မှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ကာ ၁၄ ရက်တာ ကာလအတွင်း နေထိုင်စားသောက်မှုများ အဆင်ပြေစေရေးအ တွက် Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာ ဝန်ရှိ သူများနှင့် မြို့မိမြို့ဖများ၊ ပရဟိတ အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ စောင့်ကြည့်ခံရသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် အင်းစိန် မြို့နယ် တို့မှ ပြန် လည်ရောက်ရှိလာသူများဖြစ်ကာ ၎င်းတို့နှင့်အတူ မြို့နယ်အတွင်းသို့ ပြန်လည် ရောက်ရှိလာသူများကို ၁၄ ရက် သီးခြားစောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုထွန်း(ဖောင်းပြင်)