ရေနံချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ၂၄ နာရီ မြို့အဝင်အထွက်ဂိတ်များ စတင်ဖွင့်လှစ်စစ်ဆေး

ရေနံချောင်း စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့အဝင် အထွက် ဂိတ်များကို ယနေ့နံနက်ပိုင်းက စတင်၍ ၂၄ နာရီဖွင့်လှစ်ကာ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်း တာ ခြင်း၊ ခရီးသွားရာဇဝင်များမေးမြန်းမှတ်တမ်းတင်ခြင်း၊ Mask တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေး စေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေနံချောင်းမြို့၏တောင်ဘက် ဖန်ခါးစမ်းအမြဲတမ်းပျိုးဥယျဉ်အနီးနှင့် မြို့၏မြောက်ဘက် ရွှေရောင်လင်း စက်သုံး ဆီဆိုင်အနီးတို့တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မြို့အဝင်အထွက်ဂိတ် စစ်ဆေးရေးအဖွဲ့များတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန် ထမ်း များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေအသင်းအဖွဲ့များ ပူးပေါင်းကာ အလှည့်ကျတာဝန်ယူ၍ ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုစိုးကြီး