သတင်းများ

ပန်းတ‌နော်မြို့နယ် အခြေခံပညာကျောင်းများသို့ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Feb 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မီးဘေးလုံခြုံရေး စစ်ဆေးခဲ့သည်။
အိမ်မဲမြို့နယ် အ.ထ.က (ခွဲ) ချောင်းဖျားကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဖျားကျေးရွာ အ.ထ.က (ခွဲ) ချောင်းဖျား ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ကဆောင်ရွက်ခဲ့သည်။
(၂၅) ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Feb 11,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၅) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြိုဓမ္မပူဇာအဖြစ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်း ၁၁ ရက် (ဖေဖော်ဝါရီ ၈ ရက်) မွန်းလွဲ ၂ နာရီက အဆိုပါ စေတီတော်လိုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်၌ နွေစပါး တစ်ဧက Drum Seeder ဖြင့် စိုက်ပျိုးနေမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ကွင်းဆင်းကြည့်ရှု
Feb 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက နွေစပါး တစ်ဧက Drum Seeder ဖြင့် စိုက်ပျိုးနေမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှုကြသည်။
ကသာမြို့၌ ကျောင်းနေအရွယ်ကလေးများအာ ဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး
Feb 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက် စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီလ (၁၀) ရက် နံနက်ပိုင်းက အခြေခံပညာကျောင်း (၆) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ကျုံပျော်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ။
Feb 11,2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် တံတားရိုးကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီက အဆိုပါလမ်း မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။
ဘိုကလေးမြို့နယ်၏ စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Feb 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ်ရှိ စာသင်ကျောင်းတို့အား မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နေ့လယ်(၁)နာရီအချိန်၌ လိုအပ်သည်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မုံရွာတက္ကသိုလ်တွင်(၂၀၂၄-၂၀၂၅) ပညာသင်နှစ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 11,2025
မုံရွာတက္ကသိုလ်တွင်(၂၀၂၄-၂၀၂၅) ပညာသင်နှစ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။