သတင်းများ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ်
Feb 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ပေါ့ယားကျေးရွာအုပ်စု၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် ပေါ့ယားကျောက်ဆင့် ကျေးရွာကုန်ထုတ်လမ်းသစ်ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ၌ သစ်တောဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဘုရားကြီးသစ်တောထွက်ပစ္စည်းစစ်ဆေးရေးအခွန်တော်ကင်းစခန်း၌ သစ်တောဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အဆိုပါသစ်တောထွက်ပစ္စည်းစစ်ဆေးရေးအခွန်တော်ကင်းစခန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်အဝင် ကတ္တရာလမ်းသစ်ဖွင့်လှစ်
Feb 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်​ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၌ ယမန်နေ့ နံနက် ၈ နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂ဝ၂၄-၂ဝ၂၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ပျူတာတက္ကသိုလ်အဝင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌  လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်နှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသ
Feb 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်နှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Feb 11,2025
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ် အ.မ.က (၁၁) မူလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲဆောင်ရွက်
Feb 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အ.မ.က (၁၁) မူလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Feb 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(မူလွန်)ရေကျော်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။