သတင်းများ

ချောက်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ဆေးရောင်ခြယ်နှင့် စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 11,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အ​ကြို ကဗျာရွတ်၊ ဆေးရောင်ခြယ်နှင့် စကားပြောစွမ်းရည်ပြိုင်ပွဲကို ယမန်‌နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရာကြီး၏ (၁၁) ကြိမ်မြောက် မိသားစုထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 11,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ (၁၁) ကြိမ်မြောက် မိသားစုထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်၊ ညနေ (၃) နာရီက ဘုရားကြီးရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  အဆိုပါပြိုင်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။ 
မော်လမြိုင်ကျွန်းမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွမ်းခြံချောင်းခေတ် မီစံပြကျေးရွာတွင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 11,2025
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာ၌ ၂၀၂၄- ၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေ၊ ပြည်သူထည့်၀င်ငွေတို့ဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျေးရွာ မုခ်ဦးရှေ့၌ ကျင်းပပြုသည်။
မိုင်းယန်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော
Feb 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံ တိုင်းရင်းသားပြည်သူများအား သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပ
Feb 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲ၊ ပြပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သရက်တပင်တောင် ကျေးရွာအုပ်စု ဆင်ကုန်းကြီးကျေးရွာ ကုန်ထုတ်လမ်းသစ်ကို ယနေ့နံနက် ၉ နာရီတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Feb 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာ​ပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် အချိန်စေ့လွန်အကြွေးကျန်ငွေများ ပြန်လည်ပေးဆပ်
Feb 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယခုအခါ ကျန်ရှိနေသည့် ကျေးရွာများမှ ဒေသခံတောင်သူများက အချိန်စေ့လွန်အကြွေးကျန်း‌ငွေများ ပြန်လည်ပေးဆပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဘဏ်ခွဲ၌ ချေးငွေများ ပေးဆပ်လာကြောင်း သိရသည်။