ပန်းတနော် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မီးဘေးလုံခြုံရေး စစ်ဆေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအေးမင်းထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင် (၁+၁)ဦး တို့သည် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များဖြင့်ပူးပေါင်း၍ လိုက်လံစစ်ဆေးအကြံပြုခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)