ကြံခင်း ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက နွေစပါး တစ်ဧက Drum Seeder ဖြင့် စိုက်ပျိုးနေမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှုကြသည်။
အဆိုပါ ရေသွင်းစနစ်ဖြင့် နွေစပါး (ပခမ်းရွှေဝါ) တစ်ဧကအား ရွှေကျောင်းကွင်း၊ ကွင်းအမှတ် ၅၉၊ ဦးပိုင်-၄၇၊ တောင်သူ ဦးမျိုးမင်းဦး လယ်တွင်မျိုးစေ့ချ Drum Seeder ဖြင့် စိုက်ပျိုးနေမှုကို မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာနှင့် ဝန်ထမ်းများကကြည့်ရှုကာ တောင်သူလိုချက်များအား လမ်းညွှန်ပေးခဲ့ကြသည်။
ထိုသို့ တောင်သူများအနေဖြင့် စပါးအား ရေသွင်းစနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း ဆန်ဖူလုံမှုရရှိလာမည့်အပြင် မိသားစုဝင်ငွေတိုးပွားအတွက် ဆောင်းသီးနှံများအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးသွားကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)