အိမ်မဲ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဖျားကျေးရွာ အ.ထ.က (ခွဲ) ချောင်းဖျား ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ကဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က (ခွဲ) ချောင်းဖျားကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသူဇာမြင့်က အဖွင့်အမှာစကားပြောကြားပြီးအိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊အားကစားနည်း (၄) မျိုးအကြောင်း အစရှိသည့်ခေါင်းစဥ်များဖြင့် အကျယ်တဝင့်အသီးသီး ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေးနံရံ ကပ်စာစောင်များကိုပြသထားရှိရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများအား မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)