ကျုံပျော် ဖေဖော်ဝါရီ ၁၁
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် တံတားရိုးကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီက အဆိုပါလမ်း မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကုန်ထုတ်လမ်းအား ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင် ၂ ဦးရန်နိုင်ဝင်း၊ အတွင်းရေးမှူး ဒုရဲမှူးကြီးခင်မောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ဖွင့်ပွဲသို့ လာရောက်ဖျော်ဖြေကြသည့် ကရင်ဒုံးယိမ်းနှင့်ဆင်အက အဖွဲ့များအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါလမ်းသည် ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် Sate Gyi & Brother ကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောင်ရွက်ခဲ့သည့် တံတားရိုးကျေးရွာ ကုန်ထုတ်လမ်းဖြစ်ပြီး (၁/၁.၀၉) မိုင် အရှည်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)