ဘိုကလေးမြို့နယ်၏ စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ဘိုကလေး ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ်ရှိ စာသင်ကျောင်းတို့အား မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နေ့လယ်()နာရီအချိန်၌ လိုအပ်သည်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

စစ်ဆေးဆောင်ရွက်ရာတွင် စာသင်ကျောင်းများ၌ မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ၊  လျှပ်စစ်သွယ်တန်းသုံးစွဲမှုအခြေအနေများ၊ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးတားဆီးကာကွယ်ရေးပစ္စည်းများ ထားသိုသုံးစွဲမှုအခြေအနေများစစ်ဆေးကာ လိုအပ်သည်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)