သတင်းများ

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်
Feb 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက  (ကသစ်တိုင်း) အခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉  ထပ်ဆောင်းကာကွယ်ဆေး Pfizer  ထိုးနှံပေး
Feb 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက်(၉)နာရီမှ စတင်ကာ၊ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲများကျင်းပ
Feb 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်​ဘောလုံးပြိုင်ပွဲများကို (၆.၂.၂၀၂၅)ရက်​နေ့မှစတင်ကာ ရန်ကြီး​အောင်အားကစားခန်းမတွင် ကျင်းပလျက်ရှိ​ကြောင်း သိရသည်။
မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော
Feb 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူများအား စာပေဗဟုသုတ ပိုမိုလေ့လာကြစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမ၌ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပ
Feb 10,2025
၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က  စကားလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲ၊ စကားတိုးပြိုင်ပွဲများ ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်
Feb 10,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းများသိရှိစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့နံနက် (၉)နာရီအချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Feb 10,2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပူတာအို)တို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီ(၈)ရက်နံနက်(၁၀) နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်
Feb 10,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများကို ဆောက်ရွက်လျက်ရှိရာ ယနေ့နက်ပိုင်းက ချမ်းအေးသာစံအနောက်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။