ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၂၂)ဦးအား သက်ဆိုင်ရာဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင်
Sep 17,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ အဆိုပါ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရာ ယနေ့တွင် နေရပ်ပြန်ပြည်သူ (၁၂၂) ဦး တို့အား ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် လားရှိုးခရိုင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ကော်မတီဝင်များက နံနက်စာ ထမင်းဘူး (၁၃၀)ဘူး၊ ရေသန့်ဘူးများနှင့် နှာခေါင်းစည်း Masks များအား လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။