လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး ခရိုင်အဆင့်ကော်မတီက နေရပ်ပြန်ပြည်သူများအား ထမင်းထုပ်များပေးဝေ

လားရှိုး   စက်တင်ဘာ   ၁၇

လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများ က နေရပ်ပြန်ပြည်သူများအား ထမင်းထုတ်များပေးဝေငှခဲ့ရာ အဆိုပါ ပေးဝေငှမှုတွင် နေရပ်ပြန်ပြည်သူများ  (၁၂၂)ဦးတို့အား ပေးဝေခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ထမင်းထုပ်(၁၃၀)ထုပ်၊ ရေသန့်နှင့်Maskများကို ယနေ့နံနက်  (၅)နာရီအချိန်ခန့် က ပေးဝေခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့ မြန်မာ့မီးရထားမှ စီစဉ်ဆောင်ရွက်ကာ ယနေ့နံနက် က နေရပ်ပြန်ပြည်သူ အမျိုးသား(၈၅)ဦး၊ အမျိုးသမီး(၃၇)ဦး စုစုပေါင်း (၁၂၂)ဦးတို့သည် တိုင်းဒေသကြီး(၆)ခု၊ ပြည်နယ်(၅)ခုနှင့် ကောင်စီနယ်မြေ(၁)ခုတို့မှ အသီးသီးပါဝင်ခဲ့ကြပြီးလျှင် အဆိုပါ နေရပ်ပြန်များအား လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေး ခရိုင်အဆင့် ကော်မတီဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများ မြို့နယ် အဆင့် ဌာနဆိုင်ရာများ က ကူညီဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့သို့ရောက်ရှိလာသော နယ်မြေဒေသအသီးသီးမှ နေရပ်ပြန်ပြည်သူများအား မီးရထားခရီးစဉ်ဖြင့် မြန်မာနိုင်ငံဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျှက်ရှိနေကြောင်း၊   နေရပ်ပြန်ပြည်သူများကို စတင် ပို့ဆောင် ပေးခဲ့သော မေလ (၆)ရက်နေ့မှ စက်တင်ဘာ (၁၇)ရက်နေ့ အထိ အမျိုးသား (၉၉၈၄)ဦး အမျိုးသမီး (၆၃၀၆)ဦး စုစုပေါင်း(၁၆၉၂၀)ဦး ဝင်ရောက်ခဲ့ပြီး မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်နယ်စပ်များမှ ဖြစ်ကြသည်။

ဟန်ဌေး(လားရှိုး)