ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေး အသုံးပြုရန်အတွက် မြန်အောင်မြို့နယ်အတွင်းရှိ အ.မ.က ကျောင်း (၉)ကျောင်းအတွက် လက်ဆေးဘေစင်၊ အသိပညာပေးဗီနိုင်း၊ ဆပ်ပြာနှင့်နှာခေါင်းစည်းများ ပေးအပ်လှူဒါန်း

မြန်အောင် စက်တင်ဘာ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကာကွယ်ရေး အသုံးပြုရန်အတွက် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း - Metta Development Foundation မှ ပံ့ပိုးကူညီသော အထောက်အပံ့ပစ္စည်းများကို Light House Social Development Origanzation၊ Ayarwaddy နှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) လဝန်းရောင်ခြည် ပရဟိတအဖွဲ့တို့မှ မန်နေ့ နံနက်က မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်အတွင်းရှိ ..က ကျောင်း()ကျောင်းအတွက် လက်ဆေးဘေစင်၊ အသိပညာပေး ဗီနိုင်း၊ ဆပ်ပြာနှင့် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုနှင့်ပတ်သက်၍ Light House Social Development Origanzation၊ Ayarwaddy မြန်အောင် မြို့နယ်တာဝန်ခံ ဒေါ်ခိုင်ဇာလွင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသုံးပြုရန်အတွက် မြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ ဝေးလံတဲ့နေရာက ..ကကျောင်းများကို ရွေးချယ်လှူဒါန်းပေးခြင်း ဖြစ်ကြောင်း ပြောကြား၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ကာကွယ်ရေး အသုံးပြုရန်အတွက် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း- Metta Development Foundation မှ ပံ့ပိုးကူညီသော အထောက်အပံ့ ပစ္စည်းများကို သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ဆရာမ များထံသို့ ပေးအပ်ခဲ့ကြသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)