ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးနိုင်ရေး မြို့ဝင်/ထွက် ဂိတ်နေရာများ၌ စစ်ဆေးကြပ်မတ် ဆောင်ရွက်

ထီးလင်း စက်တင်ဘာ ၁၇

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွား လျက်ရှိသဖြင့် အဆိုပါရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့အဝင် မြို့အထွက် ဂိတ်နေရာများ၌ စစ်ဆေးကြပ်မတ် ဆောင်ရွက် လျက်ရှိသည်။

ယင်းသို့စစ်ဆေးကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့တို့က ထီးလင်း-ဂန့်ဂေါ ကားလမ်း နေရာနှင့် ထီးလင်း-ကျောက်ထု ကားလမ်း နေရာ တို့တွင် ဖြတ်သန်းသွားလာနေသော ယာဉ်ကြီး ယာဉ်ငယ်များ၊ ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်မှု ရှိ/မရှိ၊ ခရီးသွားလာသည့် မြို့/ရွာ များအား စာရင်းရေးသွင်း မှတ်သားခြင်း နှင့် ခရီးသွား ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask) အလေးထား တပ်ဆင် သွားလာရေးတို့ကို အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)