ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်း ကြေညာနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေး ကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကြေညာနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများမကျန်ရှိစေရန် စိစစ်ခြင်းလုပ်ငန်းများကို ယမန့်နေ့ကစတင်၍ ဇမိရတနာခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ အတွင်းရေးမှူးများမှ မဲစာရင်းများမှန်ကန်ရေး၊ နိုင်ငံသားစိစစ်ရေး၊ မှတ်ပုံတင်နံပါတ်များ မကျန်ရှိစေရေး၊ ပုံစံ (၃) ဖြင့် လျှောက်ထားသူများမကျန်ရှိစေရေး၊ ပုံစံ(၄) ဖြင့် ကန့်ကွက်ထားသူများ ထပ်မံမ ပါရှိစေရေး၊ ပုံစံ(၄- ဂ)တို့ဖြင့် ပြင်ဆင်ရန် လျောက်ထားသူများအား စိစစ်ပြင်ဆင်ဆောင်ရွက်ရေး၊ မဲပေးနိုင်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးအတွက် အသေးစိတ်စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)