​​ကျောက်တံတားမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်

ရန်ကုန် စက်တင်ဘာ ၁၇

ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်နေ ရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ (တတိယ အကြိမ်)အဖြစ်  ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀ဝိ/-) ထောက်ပံ့ခြင်းကို ယ​​မန်​နေ့ နံနက်ပိုင်းက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်​ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြသည်။

ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု (၁၀၆)စုအတွက်  တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ  (၂၁၂၀၀၀ဝိ/-) ကျပ်အား  မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးထူး​ကျော်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲ​​ပြောင်း​​ပေးအပ်ခဲ့ပြီး​ နောက်ရပ် ကွက်အုပ်ချုပ်​ရေးမှူးများမှ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ထောက်ပံ့မှုစာရင်းတွင် ပါဝင်သော ပြည်သူများ လက်ဝယ်အရောက် ဆက်လက်​​ထောက်ပံ့​ပေးအပ်သွားမည်ဖြစ်​ကြောင်း သိရှိရသည်။

​ရွှေနန်း​မေ