ကျောက်ဆည်၊ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များမှ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ မြို့နယ်ကြီးကြပ်ရေး အဖွဲ့ဝင်များဖြစ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ ခရိုင်အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံလှ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမင်းထက်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ ဦးအောင်အောင်လတ်နှင့်အဖွဲ့ဝင်တို့သည် ကျားခေါင်းဘိလပ်မြေစက်ရုံ၊ အေသုံးလုံးဘိလပ်မြေစက်ရုံ၊ Key Shine အထည်ချုပ်စက်ရုံ၊ အမှတ် (၉) အထည်စက်ရုံ၊ ထွန်းနို့ချက်စက်ရုံ၊ ပိုလီဆက်ပီနံအိတ်စက်ရုံ၊ Win and Win ဖိနပ်စက်ရုံ၊ Reva ဖိနပ်ချုပ်စက်ရုံတို့အား ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များထားရှိပေးခြင်း ရှိ/မရှိ ၊Mask များစနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အထူးဂရုပြု အလေးထားလိုက်နာဆောင်ရွက်ရေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)