နောင်တရား စက်တင်ဘာလ ၁၇
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အတွင်းသို့ ဝင်ထွက်သွားလာ နေသည့် ဒေသခံပြည်သူ များကို စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုစေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
နှာခေါင်းစည်းတပ်ဆင်မှုမရှိသည့် ပြည်သူများ မြို့အတွင်းဝင်ရောက်လာပါက နှာခေါင်းစည်း ယခုဝယ် ယခုအသုံးပြုစေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက် လျက်ရှိသည်။ အပြင်သွားလျှင်စနစ်တကျ နှာခေါင်းစည်းတပ်ဆင်အသုံးစေရေး အသိပညာပေးလုပ်ငန်းကို လော်စပီကာဖြင့် နေ့စဉ်အသိပေးဆောင်ရွက်ခြင်းနှင့် နောင်တရားမြို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နောင်တရားမြို့အဝင်၌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)