ဟိုပန်၌ ကုန်းမြင့်ယာစပါးဧက (၃၀၀) GAP လက်မှတ်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ဟိုပန်     စက်တင်ဘာ    ၁၇

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန် က နာဇရက်ကျေးရွာသို့ သွားရောက်၍ တောင်သူ (၂၈)ဦး စိုက်ပျိုးထားသည့် ကုန်းမြင့်ယာစပါးဧက (၃၀၀) အား GAP လက်မှတ်ရရှိရေးအတွက် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

 GAP စနစ်တွင် စိုက်ပျိုးမည့် မြေယာသမိုင်းကြောင်းမှ တင်ပို့ရောင်းချသည်အထိ အဆင့်တိုင်း အဆင့်တိုင်းတွင် GAP ကို ကျင့်သုံးရမည့်ဖြစ်ကြောင်း၊ GAP နည်းစနစ်များနှင့်အညီ စိုက်ပျိုးပြီးထွက်ရှိလာသော သီးနှံများကို ပိုးသတ်ဆေး ရှိ/မရှိ သတ်မှတ်ထားသော အမြင့်ဆုံးပိုးသတ်ဆေးပါဝင်မှု အဆင့်(MRLs)ကို စစ်ဆေးပေး ရကြောင်း၊ GAP လမ်းညွှန်မှုနည်းလမ်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်သော သီးနှံထွက်ကုန်များသည် အရည်အသွေး ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသောကြောင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ကြောင်း၊ နိုင်ငံခြား သို့ တင်ပို့ရာတွင်လည်း  GAP လမ်းညွှန်မှုများနှင့်အညီ စိုက်ပျိုးထုတ်လုပ်သော သီးနှံများကိုသာ အဓိကမှာ ယူကြကြောင်း၊ တောင်သူဦးကြီးများ အနေဖြင့် GAPနည်းစနစ်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ပါက မိမိရော သူတစ်ပါးအတွက်ပါ ကောင်းကျိုးများကို ဖြစ်စေနိုင်သည့်အတွက် လိုက်နာဆောင်ရွက်ကြရန် အသိပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)