ဒဂုံတောင် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၆)ရပ်ကွက်ရှိ အောင်မြင့်မိုရ်လမ်း နှင့်လှော်ကား လမ်းထောင့်တွင်တည်ရှိသော အောင်မြင့်မိုရ်အိမ်ရာအား Hospital Quarantine အဖြစ်ထားရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Hospital Quarantineထားရှိရာတွင် လိုအပ်သည့်ဆောင်ရွက်ချက် များနှင့် သက်ဆိုင်ရာဌာနအလိုက် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကိုရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Hospital Quarantineအဖြစ်ထားရှိမည့် အောင်မြင့်မိုရ်အိမ်ရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိ သူများ၊ ခရိုင်အထွထွေအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကို၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမားရေးမှူး မြို့နယ်ကိုဗစ်ကော်မတီဝင်များက လိုက်ပါရှင်းလင်းပြောကြားပေးခဲ့ကြောင်းသတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)