မဘိမ်းမြို့၌ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

မဘိမ်း     စက်တင်ဘာ    ၁၇                  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင် ကာကွယ်ရေး အတွက် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့် က ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော် နှင့်ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စား သောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ထုတ်ပြန်ထားသည့် စားသောက်ဆိုင်များ လိုက်နာရမည့်စည်းကမ်းချက်များကို ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ဆိုင်အတွင်းလက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်ဘူးများ ထားရှိခြင်း ရှိ/မရှိ၊ ဆိုင်ပိုင်ရှင်များ အား  Mask များ စနစ်တကျတပ်ဆင်ရေးနှင့် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေးများထားရှိခြင်း ရှိ/မရှိတို့ကို ရှောင်တခင်စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အပေါ် လိုက်နာမှုမရှိပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)