ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်း လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ပင်လောင်း  စက်တင်ဘာ   ၁၇

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပင်လောင်းမြို့မရဲစခန်းရှေ့၌ ယနေ့နံနက်ပိုင်း က ဆောင်ရွက်သည်။

နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်  ပင်လောင်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ  ဌာနဆိုင်ရာတာဝန်ရှိသူ များက လမ်းသွားလမ်းလာများ၊ မြို့နယ်ရှိပြည်သူများကို နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်း တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် သတ်မှတ်ထားသည့် လူမှုအကွာအဝေးအတိုင်း နေထိုင်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)