ကွန်ဟိန်းမြို့၌ တည်းခိုခန်းများတွင် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းဆောင်ရွက်

ကွန်ဟိန်း     စက်တင်ဘာ    ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့တွင်းတွင် ဖွင့်လှစ်ထားသည့် တည်းခိုခန်းများ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား စက်တင်ဘာလ ၁၆ ရက်နေ့၊ညနေ (၄:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းတွင် မြို့တွင်းတွင် ဖွင့်လှစ်ထားသည့် ရွှေတောင်တန်းတည်းခိုခန်းနှင့် ရှမ်းတောင်တန်း တည်းခိုခန်း တို့တွင် လာရောက်တည်းခိုသူများရှိပါက သက်ဆိုင်ရာကော်မတီသို့  အကြောင်းကြား၍ ပူးပေါင်း ဆောင်ရွက်စေရန် အသိပညာပေးခြင်း  ၊ လာရောက်တည်းခိုသူများ ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

ယင်းသို့ စစ်ဆေးခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးခင်မောင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)