ကျိုက်မရော စက်တင်ဘာ ၁၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင် အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွား သင်တန်းကို ယနေ့ နံနက် ၁၀နာရီက ကျိုက်မရောမြို့ အတ္ထရံခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရှင် ကအဖွင့်အမှာ စကားပြော ကြားပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အိသဲလင်းက စွမ်းရည်မြှင့်ဆင့် ပွားသင်တန်းဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ သင်တန်း ကို နှစ်ကြိမ်ခွဲ၍ ပို့ချသွားမည် ဖြစ်ပြီးသင်တန်းနည်းပြ ဆရာ(၃ )ဦး တို့မှပို့ချ သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းသို့သင်တန်းသား/သင်တန်းသူစုစုပေါင်း(၉၄)ဦး တက်ရောက်ခဲ့ကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။
ချိုချို(ပြန်/ဆက်)