ကလေး စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကလေး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ ကလေးခရိုင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးမိုးထွေးက ကိုဗစ်-၁၉ကပ် ရောဂါစောင့်ကြည့်လူနာများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သော လူပုဂ္ဂိုလ်များကို ဓာတ်ခွဲနမူနာရယူဆောင်ရွက်ပေးနေသည့် အခြေအနေများကို လည်ကောင်း၊ ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက ကိုဗစ်-၁၉ ကပ်ရောဂါ ဓာတ်ခွဲနမူနာ ရယူပြီး ကလေးမြို့တွင်စစ်ဆေးအတည်ပြုနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများကို လည်းကောင်း၊ ကလေး Volunteer အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက လူမှုကူညီရေး ကားအသင်းများအတွက် လိုအပ်လျက်ရှိသည့် PPE ဝတ်စုံနှင့် စက်သုံးဆီများထ ထောက်ပံ့နိုင်ရေး ကိစ္စများကို လည်းကောင်း ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေး ပေးခဲ့ကြကြောင်း သိရသည်။
ကလေးမြို့နယ်တွင် Community Based Facility Quarantine Centre (၄၄)ခု ဖွင့်လှစ်ထားရှိပြီး Quarantine စခန်းဝင် ရောက်နေသူ ပြည်ပမှပြန်ဝင်ရောက်လာသူ ကျား (၆၁)ဦး၊မ(၅၅)ဦး စုစုပေါင်း(၁၁၆)ဦးနှင့်ပြည်တွင်း Stay at Home ဒေသမှ ပြန်လာသူ ကျား(၅၉)ဦး၊မ (၇၂)ဦးစုစုပေါင်း (၁၃၁)ဦးရှိကာ ကလေးမြို့ပြည်သူ့ဆေးရုံကြီး (တိုင်းရင်းဆေးရုံ) တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၃) ဦး ဆေးကုသမှု ခံရယူလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)