သတင်းများ

ရှမ်းရွာသစ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် Hand Speaker များလွှဲပြောင်းပေးအပ်
Sep 17,2020
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့တွင်ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များတွင် အထောက်အကူ ဖြစ်စေရန်အတွက် Hand Speaker များ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် ပေးအပ်ခဲ့သည်။
ဖား​ဆောင်းမြို့နယ်တွင်း ပုံမှန်ဝင်​ငွေမရှိ​သော အ​ခြေခံလူတန်းစား အိမ်​ထောင်စုများအတွက် နိုင်ငံ​တော် အစိုးရမှ တတိယအကြိမ် ​ထောက်ပံ့​ငွေများ​ပေးအပ်
Sep 17,2020
ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါဖြစ်ပွား​နေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်​နေ​ရေး ​ပြေလည်​​စေရန် ရည်ရွယ်၍ နိုင်ငံ​တော်အစိုးရမှ (တတိယအကြိမ်) ပုံမှန်ဝင်​ငွေမရှိသည့် အ​ခြေခံ လူတန်းစားများအတွက် အိမ်​ထောင်စုတစ်စုလျှင် ​ထောက်ပံ့​ငွေကျပ် နှစ်​သောင်း​ထောက်ပံ့ခြင်းကို ယ​နေ့နံနက်(၁၁)နာရီခွဲ အချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်​ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်၊​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများထံ လွှဲ​ပြောင်း​ပေးအပ်ခဲ့သည်။
နွားထိုးကြီးမြို့တွင် အရေးပေါ်ရိက္ခာစားဆီများကို သိုလှောင်ရုံတွင်စစ်ဆေး
Sep 17,2020
နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော် အရေးပေါ် ရိက္ခာ စားဆီ တန်ချိန် ၄၂တန် (ဆီပုံး-၂၅၈၇ ပုံး) ကို နွားထိုးကြီးမြို့ မြို့နယ် အားက စားခန်းမ၌ ယနေနံနက်ပိုင်းတွင် စစ်ဆေးနေပြီဖြစ်ကြောင်း စားသုံးသူရေး ရာဦးစီးဌာနမှ သိရသည်။
ငရုတ်ကောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၆ နာရီခန့်က မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ငရုတ်ကောင်းမြို့ရှိ စားသောက်ဆိုင် များ၊ လက်ဖက်ရည် ဆိုင်များအား၊ စျေးနှင့် ပြည်သူများ မြို့တွင်းသွား/လာနေမှုများကို စစ်ဆေးခဲ့ပါသည်။
ကျီခါးမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို Online မှတစ်ဆင့် ကျင်းပ
Sep 17,2020
ချင်းပြည်နယ် ၊ ကျီခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြု လုပ်ခဲ့သည်။
နွားထိုးကြီးမြို့တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်မြို့ဝင်/ထွက်ဂိတ်တွင်ကျန်းမာရေးစစ်ဆေးမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 17,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှင့်ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ယနေ့နံနက်ပိုင်းကမြို့ဝင်/ထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှု များအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်ရေးဆွဲရေး လူထုသဘောထားရယူသည့် တွေဆုံပွဲ Virtual Meeting ကျင်းပ
Sep 17,2020
မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း Myanmar National Food And Agriculture Systen Project (NFASP) ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်ရေးဆွဲရေးနှင့် ပတ်သက်၍ လူထုသဘောထားရယူသည့် တွေ့ဆုံပွဲ Virtual Meeting ကို စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ် နှင့် ကျောက်တန်းမြို့နယ်တို့၏ တွေ့ဆုံပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ရုံး၌ လည်းကောင်း၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များကို သုံးခွမြို့နယ်စိုက်ပျိုးရေးရုံး၌ လည်းကောင်း၊ တွံ့တေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် တွေ့ဆုံပွဲကို တွံ့တေးမြို့နယ် စိုက်ပျိုးရေးရုံးတို့၌ ယနေ့ နံနက် ၉ နာရီက Zoom Meeting ကျင်းပခဲ့ကြောင်း သိရသည်။