ဖား​ဆောင်းမြို့နယ်တွင်း ပုံမှန်ဝင်​ငွေမရှိ​သော အ​ခြေခံလူတန်းစား အိမ်​ထောင်စုများအတွက် နိုင်ငံ​တော် အစိုးရမှ တတိယအကြိမ် ​ထောက်ပံ့​ငွေများ​ပေးအပ်

ဖား​ဆောင်း  စက်တင်ဘာ ၁၇

ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါဖြစ်ပွား​နေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်​နေ​ရေး ​ပြေလည်​​စေရန် ရည်ရွယ်၍ နိုင်ငံ​တော်အစိုးရမှ (တတိယအကြိမ်) ပုံမှန်ဝင်​ငွေမရှိသည့် အ​ခြေခံ လူတန်းစားများအတွက် အိမ်​ထောင်စုတစ်စုလျှင် ​ထောက်ပံ့​ငွေကျပ် နှစ်​သောင်း​ထောက်ပံ့ခြင်းကို ယ​နေ့နံနက်(၁၁)နာရီခွဲ အချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်​ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်၊​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများထံ လွှဲ​ပြောင်း​ပေးအပ်ခဲ့သည်။

ထိုသို့​ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ​ကျေးရွာအုပ်စု(၈)အုပ်စုအတွင်းရှိ အိမ်ထောင်စု(၁၁၃၆)စုအတွက် တစ်အိမ်​ထောင်လျှင်​ငွေကျပ်(နှစ်​သောင်း)နှုန်းဖြင့် စုစု​ပေါင်း​ ထောက်ပံ့​ငွေ(၂၂,၇၂၀,၀၀၀)ကျပ်အား မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးအောင်မြတ်မိုးနှင့် တာဝန်ရှိသူများမှ ရပ်ကွက် အုပ်ချုပ်​ရေးမှူးများ၊​ ကျေးရွာအုပ်ချုပ်​ရေးမှူးများထံ​ ပေးအပ်ခဲ့ပြီး​နောက် ရပ်/ကွက်​ကျေးရွာအုပ်ချုပ်​ရေးမှူးများမှ သက်ဆိုင်ရာ ရပ်ကွက်​၊ ကျေးရွာများအလိုက် ​​ထောက်ပံ့မှုစာရင်းတွင် ပါဝင်​သော ပြည်သူများ လက်ဝယ်အ​ရောက် ထောက်ပံ့​ပေးအပ်သွားမည်ဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင် (ဖား​ဆောင်း)