သတင်းများ

လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Sep 18,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာတွင် လူမှုန်ဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့ပေးသည့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်
Sep 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့နယ်အတွင်း အသံချဲ့စက် ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အ‌ခြေခံလူတန်းစား အိမ်ထောင်စု (၁၁၀၁) စုအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၀၁) စုအတွက် နိုင်ငံတော်မှပံ့ပိုးသော ထောက်ပံ့ငွေများကို ပေးအပ် လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က လှည်းဆိပ်ကျေးရွာ၌လည်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်‌ထောင်စုများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ပေါက်မြို့၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလင်းတန်း လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
Sep 18,2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း ကလေးငယ်များအပေါ် အဓမ္မခိုင်းစေမှု၊ မတော်မတရား ညှင်းပန်း နှိပ်စက်ခြင်းများနှင့် ကလေးအလုပ်သမား ပပျောက်စေရေးအတွက်
ဖရူဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျတပ်ဆင်ရေး အသိပညာပေးဆောင်ရွက်
Sep 18,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် (Mask) စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် (၇) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ကြေးများ အိမ်တိုက်ရာရောက်ပေးအပ်
Sep 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂နှစ်အောက် ကလေးများကို ထောက်ပံ့ကြေးများကို KBZ Pay များမှတစ်ဆင့် ထောက်ပံ့ပေး လျက်ရှိရာ KBZ Pay ကနေ ထုတ်ယူရန် အခက်အခဲရှိသူများကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကမ္ဘောဇဘဏ်ဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ကိုဗစ်-၁၉ ကာလတွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများကို ယနေ့နံနက်မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။