ငရုတ်ကောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ငရုတ်ကောင်း  စက်တင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၆ နာရီခန့်က မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ငရုတ်ကောင်းမြို့ရှိ စားသောက်ဆိုင် များ၊ လက်ဖက်ရည် ဆိုင်များအား၊ စျေးနှင့် ပြည်သူများ မြို့တွင်းသွား/လာနေမှုများကို စစ်ဆေးခဲ့ပါသည်။

မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ပြည်သူများ နေအိမ်ပြင်ပသို့ သွား/လာရာတွင် Mask များ တပ်ဆင်ပြီး သွားလာနေမှုများ၊ စျေးရောင်းစျေးဝယ် ပြည်သူများအနေဖြင့် Mask တပ်ဆင်ပြီး စျေးရောင်းချနေမှုများ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များမှ ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်(Take a Way)ဖြင့် ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ လိုက်နာမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)