သန်လျင် စက်တင်ဘာ ၁၇
မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း Myanmar National Food And Agriculture Systen Project (NFASP) ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်ရေးဆွဲရေးနှင့် ပတ်သက်၍ လူထုသဘောထားရယူသည့် တွေ့ဆုံပွဲ Virtual Meeting ကို စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ် နှင့် ကျောက်တန်းမြို့နယ်တို့၏ တွေ့ဆုံပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ရုံး၌ လည်းကောင်း၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များကို သုံးခွမြို့နယ်စိုက်ပျိုးရေးရုံး၌ လည်းကောင်း၊ တွံ့တေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် တွေ့ဆုံပွဲကို တွံ့တေးမြို့နယ် စိုက်ပျိုးရေးရုံးတို့၌ ယနေ့ နံနက် ၉ နာရီက Zoom Meeting ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ Zoom Meeting ကျင်းပပြုလုပ်ရာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် Worid Bank Tean Leader Ms. Mio Takada တို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး စီမံကိန်း ဒါရိုက်တာမှ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားကာ စိုက်ပျိုးရေး ကဏ္ဍ၊ ဆည်မြောင်းကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် သမဝါယမကဏ္ဍများကို ဆက်လက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ Zoom Meeting ကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက် လာသူများက သိရှိလိုသည်များအား မေမြန်းကြရာ သက်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာမှ ကဏ္ဍအလိုက် ရှင်းလင်းဖြေကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က လိုအပ်သည်များအား ဖြည့်စွတ်ရှင်းလင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)