သတင်းများ

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့် ရှုစစ်ဆေး
Sep 18,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့ အတွက် မြို့အဝင်၊ အထွက်နေရာများတွင် ယာဉ်စစ်ဆေး ရေး ဂိတ်များချထား ဆောင်ရွက်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများ က ယမန်နေ့ကသွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည် ။
မလှိုင်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု(၂ဝ၅ဝဝ)ကို တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်
Sep 18,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံငွေများပေးအပ်ပွဲ ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ရပ်/ကျေးစာရေးများမှ တဆင့် ပေးအပ်ခဲ့ကြောင်းသိရသည် ။
တောင်ကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Sep 18,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန် အတွက် တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အမှတ်(၁၅)အခြေခံပညာ အလယ်တန်းကျောင်း ကံ့ကော်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်ကွက်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 18,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ပျဉ်းခုံကြီးကျေးရွာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် သက်သာရေး (CERP) အစီအစဉ် အရ တောင်သူဦးကျော်မိုးအောင်၏ လယ်ကွင်းတွင်
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Sep 18,2020
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ညနေပိုင်းအချိန်များတွင် ရက်သတ္တပတ်(၁)ပတ် လျှင်(၄)ရက်နှုန်းဖြင့် လှည့်လည်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မြောင်မြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရပ်ကွက်ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသုံးဆောင် ပစ္စည်းများ ပေးအပ်
Sep 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြိို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများအတွက် အသုံးဆောင်ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
မကွေးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၂၅၈၆)စုတို့ အတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။