နွားထိုးကြီး စက်တင်ဘာ ၁၇
နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော် အရေးပေါ် ရိက္ခာ စားဆီ တန်ချိန် ၄၂တန် (ဆီပုံး-၂၅၈၇ ပုံး) ကို နွားထိုးကြီးမြို့ မြို့နယ် အားက စားခန်းမ၌ ယနေနံနက်ပိုင်းတွင် စစ်ဆေးနေပြီဖြစ်ကြောင်း စားသုံးသူရေး ရာဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲအစီအစဉ်ဖြင့် မြို့နယ်များတွင် လက်ခံ သို လှောင်ရေးကြီးကြပ်မှု အဖွဲများကို ဖွဲ့စည်းပေးထား ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်မှု မြင့်မားလာရင် ပြည် သူလူထု စားနပ်ရိက္ခာ အဆင်ပြေဖို့ အရေးပေါ်စားဆီများကို သိုလှောင်ထားခြင်း ဖြစ်သည်။ ကို ဗစ်-၁၉ ဖြစ် ပွားမှုမြင့်မား လာချိန်ကျရင် ဒါမှမဟုတ်ပြည်သူလူထု စားနပ်ရိက္ခာအခက်အခဲရှိတဲ့အချိန် ကျရင် ကို ဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်မှုနှင့် အတူ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းကို စားသုံးသူရေးရာဦးစီး ဌာနမှ သိရ သည်။
ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုနှုန်း မြင့်မား လာပါ က တစ်နိုင်ငံ လုံး အတိုင်းအတာအဖြစ် နိုင်ငံသားများကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် သက် ဆိုင်ရာ ဝန်ကြီး ဌာနများ၊ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ နွားထိုးကြီးမြို့နယ် အ တွက် ဆီပလပ် စတစ်ပုံး ၂၅၈၇ ပုံး (၄၂ တန်) ကို လက်ခံသိုလှောင်ရေး အဖွဲ့မှ စစ်ဆေးနေပြီ ဖြစ်ကြောင်းသိရသည်။
သန်းအောင်ဇော်