ရှမ်းရွာသစ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် Hand Speaker များလွှဲပြောင်းပေးအပ်

ရှမ်းရွာသစ်     စက်တင်ဘာ  ၁၇

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့တွင်ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များတွင် အထောက်အကူ ဖြစ်စေရန်အတွက် Hand Speaker များ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် ပေးအပ်ခဲ့သည်။

ထိုသို့ Hand Speakerများ ထောက်ပံ့ပေးရခြင်းမှာ ကိုဗစ် - ၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်း ချုပ်ရေး လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာ အချက်အလက်များကို ဌာနဆိုင် ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်မှ ကိုဗစ် -၁၉ ရောဂါကွယ်ရေးနှင့်စပ်လျဉ်း၍ ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်၊ မြို့ပေါ် နှင့်ကျေးရွာနေပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် လိုက်နာ ရမည့်အချက်များအားရပ်ကွက်၊ ကျေးရွာနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးနှိုးဆော် ခြင်းလုပ်ငန်းကို ပိုမိုထိရောက်စွာ ဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။

အဆိုပါလုပ်ငန်းတွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူတို့က ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ လက်ဝယ်သို့ Hand Speaker များကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး (ပြန်/ဆက်)