သတင်းများ

ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ကျေးရွာအုပ်စုအချို့၌ ရေကြီးရေလျှံမှုဖြစ်ပွား
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်နေ့မှ ယနေ့ထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန် ၁၅.၈ လက်မရှိခဲ့ပြီး   ကျေးရွာအုပ်စုအချို့၌တွင်   ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။  
မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ လွှဲပြောင်းပေးအပ်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)တွင် ပါဝင်သော Action Plan အရ ငါးသားပေါက်များ ထောက်ပံ့လွှဲပြောင်း ပေးအပ်ခြင်း(တတိယအကြိမ်)ကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နေ့/ည မပြတ် စစ်ဆေးမှုများ ဆောင်ရွက်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် နေ့/ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း  တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Sep 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း တတိယအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ဝေါမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ဝေါအ.ထ.ကကျောင်း ရွှေသဇင်ဆောင်တွင် အဖွဲ့(၄)ဖွဲ့ခွဲကာ ယ‌နေ့(၉)နာရီအချိန်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် ရပ်/ကျေး ကော်မရှင်အတွင်းရေးမှူးများအား (၁၇-၉-၂၀၂၀) ရက်နေ့မှ (၁၈-၉-၂၀၂၀)ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် သဘာဝရေပြင်အတွင်း ငါးသားပေါက်စုပေါင်း စိုက်ထည့်ခြင်းနှင့် အင်းသားကြီးများအား ငါးသားပေါက်ပေးအပ်ပွဲ ကျင်းပ
Sep 17,2020
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပျဉ်မပင်ရပ်ကွက် မီးမျှောပွဲတော်ကျင်းပရေး ဗဟိုမဏ္ဍပ်တွင် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်စိုက်ထည့်ခြင်းနှင့် အင်းသားကြီးများအား ငါးသားပေါက် ပေးအပ်ပွဲကို ယ‌နေ့နံနက် ၈နာရီအချိန်က ကျင်းပသည်။